Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။More about GIF
Page 1 of 1
More about GIF
Photoshop ဟာသူ့တစ်ခုထဲဆိုရင် Animation လုပ်ငန်းစဉ်ကိုမဆောင်ရွက်နိုင်ပါဘူး။ ဒါကြောင့် Image Ready software ရဲ့အကူအညီ နဲ့သာ ဖန်တီးနိုင်ပါတယ်။ Image Ready ဟာအများအားဖြင့် Photoshop ကို install လုပ်ကထဲကပါဝင်တဲ့ Software ပါ။ Image Ready ကိုအသုံးမပြုမီ Animation ရဲ့အခြေခံသဘောလေးတွေကိုအရင်ကြည့်ကြရအောင်ပါ။ Photoshop နှင့် Image Ready တို့ကိုအသုံးပြုပြီး ဖန်တီးမဲ့ File တွေဟာအများအားဖြင့် GIF လေးတွေပါ။ Photoshop's file formats များအကြောင်းသင်ခန်းစာမှာ ဒီ File type အကြောင်း အနည်းငယ်ရေးထားပါတယ်။ အခု အဲဒီ GIF အကြောင်းကိုဆက်ပြောချင်ပါသေးတယ်။ သူတို့တွေကိုအဓိကအားဖြင့် Web Page တွေအတွက် ရည်ရွယ်တာပါ။ File size သေးငယ်လို့ web page တွေမှာသုံးရင် download time ကိုနဲစေပါတယ်။ Page တစ်ခုကို လျှင်မြန်စွာဖွင့်နိုင်တဲ့ သဘောပါ။ GIF မှာအဓိကအားဖြင့် နှစ်မျိုးရှိပါတယ်။
၁) Still GIF (သူက လှုပ်ရှားမှုမရှိတဲ့ပုံသေပါ)
ဒီမှာတော့ပြောစရာထွေထွေထူးထူးမရှိတော့ပါဘူး။ File>Save As... ကိုနှိပ်ပြီးရင် ပေါ်လာမယ့် Save As Dialog box ရဲ့ Format မှာ CompuServe GIF[*.GIF] အမျိုးအစားကိုရွေးပေးလိုက်ပြီး Save button ကိုနှိပ်လိုက်ရုံပါပဲ။ GIF Options မှာလာပြတဲ့ Normal နဲ့ interlaced မှာကြိုက်ရာတစ်ခုရွေးပေးရပါမယ်။ ( Normal ကတော့ web page တွေမှာ ပုံကိုDisplay ပြတဲ့အခါ အပေါ်မှအောက်သို့ တဖြေးဖြေး download လုပ်ရင်းပြတဲ့နည်းပါ။ Interlaced ဆိုတာကတော့ File ကို download လုပ်ရင်း horizontal line အစင်းလေးတွေနဲ့display ပြပါတယ်၊ ကြည့်လို့ ပိုကောင်းပါတယ်)
၂) Animated GIF (သူကတော့ လှုပ်ရှားမှုပါတဲ့ file ပါ)
ဒီအမျိုးအစား GIF မှာ Frame တွေအများအပြားပါဝင်နိုင်ပါတယ်၊ အဲဒီ Frame တွေကိုအစဉ်လိုက် Display လုပ်ပြနေတာကြောင့် Animation အဖြစ်မြင်နိုင်တာပါ။ အောက်ကပုံကိုကြည့်ပါ Frame ၁၀ ခုပါဝင်ပါတယ်။
ဒီ Frame ၁၀ ခုကို ၁ ကနေ ၁၀ အထိ အစဉ်လိုက် တစ်ခုချင်းစီဆက်တိုက်ပြလိုက်ရင် ဒီပုံလိုဖြစ်လာမှာပါ။ ပြောစရာတစ်ခုရှိသေးတာက Frame တွေဆုံးသွားရင် အစက Frame ကိုပြန်ရောက်သွားပါတယ်။ အမြဲ Loop ဖြစ်နေပါတယ်၊ ဒါမှအမြဲတမ်းလှုပ်ရှားနေတဲ့ပုံလေးဖြစ်မှာပါ
Frame တစ်ခုနဲ့တစ်ခုကြားက ကြာချိန်ကိုတော့ Frame Delay Time လို့ခေါ်ပါတယ်၊ အခုပုံဟာဆိုရင် Frame တွေအားလုံးဟာ Delay Time 0.1 second ရှိပါတယ်။ Delay များရင်ပိုကြာပြီး Delay ပေးမထားရင်တော့လှုပ်ရှားတာကမြန်နေမှာပါ။ Animation ပြုလုပ်ပုံတွေကိုတော့ နောက်သင်ခန်းစာများမှာ အသေးစိတ် ဆက်လက်ဖော်ပြပေးပါ့မယ်။

Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw