Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။Window Password တွေကို ဘယ်လိုဖျက်မလဲ။ ဘယ်လိုပြင်ချင်သလဲ
Page 1 of 1
Window Password တွေကို ဘယ်လိုဖျက်မလဲ။ ဘယ်လိုပြင်ချင်သလဲ
ဒီတခါတော့ ကျနော်တို့ window က administrator password ဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် password တွေကို Clear လုပ်တာတို့ Edit လုပ်တာတို့ကို တင်ပေးသွားမှာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင် password မေ့သွားတာတို့ ဘာတို့ ဖြစ်တဲ့အခါမှာ အကူအညီဖြစ်တာပေါ့။ သူများ ဒုက္ခရောက်အောင်တော့ မလုပ်ပါနဲ့။ ကဲ ပထမဆုံး ခုကျနော်ပေးတဲ့လင့်ကနေ ISO File လေးကို ဒေါင်းလိုက်ပါ။
http://pogostick.net/~pnh/ntpasswd/cd110511.zip
ဒေါင်းပြီးသွားရင် အဲဒီ ISO File ကို CD နဲ့ Burn လိုက်ပါ။ ဒါမှမဟုတ်ရင် ISO Burner ဆိုတဲ့ဆော့ဖ်ဝဲနဲ့ Boot ခွေဖြစ်အောင် Burn လိုက်ပါ။ ပြီးလို့ရှိရင် ပထမဆုံး ခွေနဲ့ Boot တက်လိုက်ပါ။ Boot တက်ဖို့အတွက် BIOS ထဲကိုသွားပြီး CD ROM/DVD-ROM ကို Firset Boot အဖြစ် ရွေးပေးပါ။ ပထမဆုံး အမည်းရောင်နဲ့ Boot Screen ကိုတွေ့ပါလိမ့်မယ်။ ပထမအဆင့်မှာ စာတွေကျလာရင် Enter ခေါက်လိုက်ပါ။ ပုံကိုကြည့်ပါ။
ဒီအဆင့်မှာတော့ ကျနော်တို့ Window Boot Partition ကိုရွေးရပါလိမ့်မယ်။ အဲမှာ Default အနေနဲ့ 1 ကို ကွင်းခတ်ထားတာကိုတွေ့ပါလိမ့်မယ်။ ကျန်တဲ့ Window တွေဆိုရင် Default အတိုင်း ထားလိုက်ရုံပါပဲ။ ဒါပေမယ့် Window 7 ဆိုရင်တော့ 2 ကို ရွေးပေးရပါလိမ့်မယ်။ ကျနော်စမ်းတုန်းကတော့ 2 နဲ့ပဲ ရပါတယ်။ အဲမှာ ကိုယ့်ရဲ့ Window Partition ကို သေချာအောင်ရွေးပြီးပြီဆိုရင်တော့ Enter ခေါက်လိုက်ပါ။
ဒီတခါတော့ အပေါ်က ရွေးလိုက်တဲ့ Window Partition ကိုရွေးပြီးတဲ့အခါမှာ Window ရဲ့ Registry Editor ရဲ့ Path လမ်းကြောင်းကို ရွေးရပါမယ်။ ကိုယ့်ရဲ့ Window အပေါ်မှာမူတည်ပြီးတော့ Table လေးကျလာပါလိမ့်မယ်။ Default အနေနဲ့ကတော့ တခါတည်းပါပြီးသားမို့ Enter ခေါက်လိုက်ရုံပါပဲ။ တကယ်လို့အဆင်မပြေဘူးဆိုရင် အဲ Table ကိုကြည့်ပြီး Registry ရဲ့ Path ဘယ်မှာရှိတယ်ဆိုတာကိုရွေးပေးရပါလိမ့်မယ်။ ပုံကိုကြည့်ပါ။
ကဲ ဒီတဆင့်ကတော့ ကျနော်တို့ Password ကို Reset လုပ်ဖို့အတွက်ပဲ ဖြစ်ပါတယ်။ Default အနေနဲ့ 1 ကိုရွေးပေးထားပါတယ်။ Enter ခေါက်လိုက်ရုံပါပဲ။ အောက်ပုံကိုကြည့်ပါ။
ဒီအဆင့်မှာတော့ Password ကို Edit လုပ်ဖို့အတွက် ရွေးပေးရတာဖြစ်ပါတယ်။ Default အနေနဲ့ 1 ပေးထားပါတယ်။ Enter ခေါက်လိုက်ပါ။ ပုံကိုကြည့်ပါ။
အဲမှာ Window မှာ ရှိတဲ့အကောင့်တွေကိုတွေ့ရပါလိမ့်မယ်။ အဲမှာ ကိုယ် reset/clear လုပ်ချင်တဲ့ အကောင့်ကို ရွေးပေးပါ။ အဲမှာ ဘယ်အကောင့်ကို ပြောင်းချင်တာလဲလို့မေးလာရင် ကိုယ်ပြောင်းချင်တဲ့ အကောင့်နာမည်ကို ရိုက်ထည့်ပါ။ Enter ခေါက်လိုက်ပါ။ ဒါဆိုရင် Password reset/clear လုပ်ပြီးသွားပါပြီ။ တကယ်တော့ အားလုံး မပြီးသေးပါဘူး။ ဆက်ကြည့်ပါ။ အဲမှာ တကယ် Change မှာလားမေးရင် y ကိုရွေးပြီး Enter ခေါက်လိုက်ပါ။
ပြီးလို့ရင် Keyboard က ! (exclamation point) ကို နှိပ်လိုက်ပါ။ နောက်ထပ်မေးခွန်းမေးလာရင် Keyboard က q ကိုရိုက်လိုက်ပါ။
– At New run? ဆိုပြီး တွေ့ရင် Enter ခေါက်လိုက်ပါ။ ခွေကိုထုတ်လိုက်လို့ရပါပြီ။ Ctrl+ALT+Del ကီးသုံးခုကိုတွဲနှိပ်ပြီး Restart ချလိုက်ပါ။
ကဲ ဒီတခါ Window တက်လာရင်တော့ Password ပေးထားတဲ့အကောင့်မှာ password မရှိတော့တာကိုတွေ့ရပါလိမ့်မယ်။ အားလုံးပဲ အဆင်ပြေပါစေဗျာ။
နားမလည်တာရှိရင်လဲမေးနိုင်ပါတယ်။ ကွန်မန်း ပေးခဲ့လို့ရပါတယ်ဗျာ။ ကျနော်သိသလောက်၊ တတ်သလောက်လေး နဲ့ ပြန်ပြီး ရေးထားတာပါခင်ဗျာ။ အဓိက ကတော့ ကိုယ်ကိုယ်တိုင် စာတွေသေချာဖတ်ပြီး ပြုလုပ်လို့ရပါတယ်ဗျာ။ ကိုယ့်လုပ်ဆောင်ချက်နဲ့ကိုယ်ပေါ့။

Similar topics
» Computer window စတက်တက်ခြင်း ပေးတဲ့ system password
» Kaspersky 2011 ကို လိုင်စင်ကီး ၃၇၀၀ ရက်နဲ့ သုံးကြရအောင်
» See Password Portable
» ကဲ Hack ချင်တဲ့သူတွေအတွက် Password Hacker

Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw