Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။How to Enable or Disable the Windows 7 Built-in Administrator Account
How to Enable or Disable the Windows 7 Built-in Administrator Account
ဒီတခါတော့ Window 7 မှာ Build-in ပါတဲ့ Administrator အကောင့်ကို ပြန်ပြီး ဖော်\ ၀ှက် တာ လုပ်ကြည့်ပါမယ်။ ကျနော်တို့ Window 7 မှာ window တင်ပြီးရင် Adminstrator အကောင့်က Disable လုပ်ထားပါလိမ့်မယ်။ အဲဒါကို ဘယ်လိုပြန်ဖော်မလဲ ဆိုတော့
ပထမ အဆင့်
မှတ်ရန်။ ။ ဤအဆင့်သည် Windows 7 Professional, Ultimate, and Enterprise editions တို့မှာသာလျှင် ရနိုင်ပါသည်။
၁။ Start မှ Run command ကိုခေါ်ပြီး lusrmgr.msc ဆိုပြီး ရိုက်ပါ။
တခုခုတောင်းလာရင် Yes ကိုနှိပ်ပါ။ အဲဒီအခါ အောက်ကပုံအတိုင်း ပေါ်လာပါမည်။
၂။ အဲမှာ ဘယ်ဘက်က Users ဆိုတဲ့ ဖိုဒါကိုနှိပ်ပါ။ ညာဘက်မှာ ရှိတဲ့ Administrator အကောင့်ကို ညာဘက်ကလစ်နှိပ်ပြီး Properties ကိုနှိပ်ပါ။
၃။ အဲမှာ Build-in Administrator အကောင့်ကို ပြန်ဖော်ချင်တယ်ဆိုရင် Account is disabled ဆိုတဲ့ Check box ကို အမှန်ခြစ် ပြန်ဖြုတ်ပေးပါ။
(တကယ်လို့ နဂိုအတိုင်းပဲ Disable ထားချင်တယ်ဆိုရင် Account is disabled ဆိုတဲ့ Check box ကို အမှန်ခြစ် ပြန်ပေးလိုက်ပါ။ )
၎။ ပြီးရင် Ok ကိုနှိပ်ပါ။
၅။ Local Users and Groups window ကို ပြန်ပိတ်ပါ။
၆။ စက်ကို Logged Off လုပ်လိုက်ပါ။ အဲမှာ Administrator Account Icon ရယ်၊ ကိုယ်ပေးခဲ့တဲ့ အကောင့်တွေရဲ့ Icon ရယ် ပေါ်နေပါလိမ့်မယ်။
ဥပမာ ဒီအောက်ကပုံလေးလို ပေါ်လာပါလိမ့်မယ်။ အဲမှာ Administrator ဆိုတာကို နှိပ်ပြီး Administrator အကောင့်နဲ့ ၀င်သုံးလို့ ရပါပြီ။
ဒါဆိုရင် Administrator account ကို ပြန်ဖော်ပြီး သုံးလို့ရတာကို သိလောက်ပါပြီ။
ဒုတိယဆင့်
၁။ Start က Run မှာ cmd ဆိုပြီး ရိုက်လိုက်ပါ။
၂။ To Enable the Hidden Built-in Administrator Account
a) net user administrator /active:yes ဆိုတာကိုရိုက်လိုက်ပါ။ ပြီးရင် command prompt ကို ပြန်ပိတ်လိုက်ပါ။
၃။ To Disable the Hidden Built-in Administrator Account
b) net user administrator /active:no ဆိုပြီး ရိုက်လိုက်ပါ။ ပြီးရင် command prompt ကို ပြန်ပိတ်လိုက်ပါ။
၎။ ကွန်ပျူတာကို Logged off ပြန်လုပ်လိုက်ပါ။
၅။ ဒါဆိုရင် Administrator account နဲ့ သုံးလို့ရပါပြီ။
ဒီလောက်ဆိုရင် ကျနော်တို့ Window 7 ရဲ့ Build-in Administator account ကို ဘယ်လိုပြန်ခေါ်ရမလဲဆိုတာ သိလောက်ပါပြီ။

Permissions in this forum:
You cannot reply to topics in this forum
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw