Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။အဖန်ဖန်မှန်...
Page 1 of 1
အဖန်ဖန်မှန်...
ဒီတစ်ခေါက် Tutorial ကတော့ ဖန်ကို ဖန်တီးတဲ့အကြောင်းဖြစ်ပါတယ်။ တကယ်တမ်းမှာလည်း ဖန်၊ မှန်စသည်တို့ဟာ အရောင်နဲ့ အလင်းအမှောင်တို့ရဲ့ လှည့်စားချက်သာဖြစ်ပါတယ်။ နည်းလမ်းတွေက တော့ အမျိုးမျိုးပါပဲ။ ဒီသင်ခန်းစာမှာ ပြောပြသွားမှာကတော့ အရင် သင်ခန်းစာတွေရဲ့ တစိတ်တပိုင်းကို အသုံးပြုသွားမှာဖြစ်တယ်။ ပထမဦးဆုံး Basic Concept သင်ခန်းစာ (၅) ဖန်ပြားပုံသဏ္ဍာန်များဖန်တီးခြင်း ကို အသုံးပြုပြီး Glass Text တစ်ခု ဘယ်လိုလုပ်ရသလဲဆိုတာ ပြောပြပါမယ်။
၁) ထို့အတွက် လိုအပ်သော Background နှင့် Text ကို ရိုက်ပါ။
၂) ပြီးရင်တော့ Text ကို Glass Effect ထည့်ပါမယ်။ ပထမဦးဆုံး ဖန်ပြားသဏ္ဍာန်များဖန်တီးခြင်း သင်ခန်းစာမှာ အဆင့်(၅) အထိ ဆောင်ရွက် ပြီးလျှင် အောက်ပါအတိုင်းတွေ့ရပါမယ်။
၃) ပြီးလျှင် အပေါ်မှ Reflection Layer ကို Opacity=30% အောက်မှအမဲရောင် Text ကို Opacity=20%, Fill=10%ခန့်ပေးလိုက်လျှင်တော့ အောက်ပါအတိုင်း လွယ်ကူမြန်ဆန်တဲ့ Glass Text တစ်ခုရပါမယ်။
အကယ်၍အမဲရောင် သန်းနေတာကို မကြိုက်ရင်တော့ အောက်မှ Text ကို လိုအပ်တဲ့Color ထည့်လိုက်ရုံပါပဲ။
အခုတခါမှာတော့ Special Effect သင်ခန်းစာ (၅) ရေလိုနေတယ် သင်ခန်းစာကို အသုံးပြုသွားမှာဖြစ်ပါတယ်။
၎) လိုအပ်သော Background နှင့် Text ကို ရိုက်ပြီးပြီဆိုလျှင် ထိုသင်ခန်းစာမှ အဆင့်(၆) Blending Options ကို ထည့်ပါ။ အောက်မှာ ပြန်ဖော် ပြပေးထားပါတယ်။
ပြီးလျှင်တော့ ပုံအတိုင်းတွေ့ရမှာဖြစ်ပါတယ်။
၅) ထို Layer ကို Blending mode=Lighten (သို့မဟုတ်) Fill Percentage=0% ကြိုက်နှစ်သက်ရာ ပေးလိုက်ခြင်းဖြင့် Bevel & Emboss နည်းဖြင့် လွယ်ကူသော Glass Text တစ်ခုကို ရရှိမှာဖြစ်ပါတယ်။
Bevel & Emboss ကို အသုံးပြုဖန်တီးခြင်း၏အားသာချက်ကတော့... Shading Angle နှင့် Altitude များ လိုသလိုပြောင်းနိုင်ခြင်း Glass Contour မှာ လိုသလို Contour Shape ကိုပြောင်းပြီး ပုံဖော်နိုင်ခြင်း စသည်တို့ပဲဖြစ်ပါတယ်။ အမဲရောင်သန်းနေတဲ့ Text ကို မကြိုက်ရင်တော့ Shadow Mode Color ကို လိုသလို ပြောင်းယူလိုက်ရုံပါပဲ။
အောက်မှာပြထားတဲ့ နမူနာ ကတော့ Bevel & Emboss ကို အသုံးပြုထားပါတယ်။ Gloss Contour=Ring-Double ဖြစ်ပြီး Shadow Mode Color=#d3fcff ဖြစ်ပါတယ်။ Layer Opacity=90% နှင့် Fill=0% တို့ဖြစ်ပါတယ်။ မိမိစိတ်ကြိုက် လိုအပ်သလို ချိန်လို့ရပါတယ်နော်...
အမေးအဖြေကဏ္ဍသို့ မေးမြန်းလာသော Glass Text ဘယ်လိုဖန်တီးရမလဲဟူသော မေးခွန်းကို ဖြေကြားထားခြင်းဖြစ်သည်။ ကျေနပ်မည် ဟုလည်း ယူဆပါသည်။ နောက် Tutorial တွေမှာတော့ ဖန်နဲ့ခပ်ဆင်ဆင်ဖြစ်တဲ့ Ice Text, X-ray Text, Jelly Text များအကြောင်းကိုလည်း အလျဉ်းသင့်သလို ပြောပြသွားပါမယ်။
Design ကောင်းတစ်ခုဖြစ်ဖို့ ကန့်သတ်ချက် Boundary ဆိုတာ မရှိပါဘူး။ သင့်ရဲ့ အနုပညာဆန်တဲ့ မျက်လုံး၊ ဖန်တီးမှုပါတဲ့ ဦးနှောက်တို့နဲ့သာ ထိန်းချုပ်သွားတာလို့ပဲ ဆိုချင်ပါတယ်။

Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw