Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။3D Text ဖန်တီးခြင်း
Page 1 of 1
3D Text ဖန်တီးခြင်း
ဒီ tutorial ကတော့ text တစ်ခုကို 3D ပုံစံလေးရအောင်ဖန်တီးကြည့်မှာပါ။ တကယ်တော့ Photoshop ဟာ 2D composition တွေနဲ့သာ အလုပ်လုပ်တဲ့အပြင် Raster Image တွေကိုအခြေခံတဲ့ software လဲဖြစ်ပါတယ်။ ဒါကြောင့် 3D အစစ်တော့ဖြစ်မှာမဟုတ်ပါဘူး။ ပုံစံတူရုံတင်ပြုလုပ်ကြမှာပါ။
၁) ပထမဦးဆုံးအနေနဲ့ Text တစ်ခုကိုအရင် create လုပ်ပါမယ်။
၂) အဲဒီ Text ကို Layer Palette မှာ Right Click လုပ်ပြီး Rasterize Layer လုပ်ပါ။ ( Layer>Rasterize>Type လုပ်လဲရပါတယ်)
၃) Foreground ကိုအနီ နဲ့ Background ကိုတော့ အ၀ါရောင် လေးရွေးထားရအောင်။
၎) Layer Palette မှာ စာသား Layer အား Ctrl + Click လုပ်ခြင်းအားဖြင့် Layer ရဲ့ဧရိယာကို Select လုပ်ပါ၊ပြီးရင် Gradient Tool သုံးပြီးတော့ အဲဒီ Layer ကို ဘယ်မှညာသို့ အရောင်ခြယ်ပါ။ ( Gradient Preset ကိုတော့ Foreground to Background နဲ့ Liner Gradient ပဲရွေးထားပါတယ်) ။
Deselect လုပ်ပါ (Ctrl+D)။ ဒါဆိုရင်ပုံမှာပါတဲ့အတိုင်းမြင်ရပါပြီ။ ဒါက Layer တစ်ခုထဲရှိပါသေးတယ်။
၅) နောက်ဆက်ရမှာက အဲဒီ Layer ကို Duplicate လုပ်ပါ။ (Layer Palette တွင်ထို Layer အား Right Click နှိပ်ပြီး Duplicate Layer ကိုရွေးပါ။ Duplicate Layer Option dialog တွင် OK နှိပ်ပါ)
၆) Move Tool ကိုရွေးပါ၊ ဒါပေမယ့်ဒီ Layer ကို Mouse နဲ့မရွေ့ပဲ Keyboard မှ UP Arrow တစ်ချက်နှင့် LEFT Arrow တစ်ချက်နှိပ်ပါ။ စာသားလေးဟာ အပေါ်နဲ့ညာဘက်ကိုကပ်သွားမှာပါ။
ရ) အပေါ်ဆုံးက စာသား Layer ကိုပဲ Duplicate လုပ်ပြီး အဆင့် ၆ အတိုင်း အပေါ်ညာဘက်သို့ကပ်ပေးပါဦး။
၈) ဒီအတိုင်းပဲ အပေါ်ဆုံးက Layer တွေကို ၇ ခုလောက်ရအောင် Duplicate ထပ်လုပ်ပြီး အပေါ်ညာဘက်သို့ကပ်ပါဦး။ ထုထည်ပုံလေးထွက်လာပါပြီ။ ဒါပေမယ့်အလင်းအမှောင်လေးပါထည့်လိုက်ရင်ပိုကောင်းလာမှာပါ။
၉) Layer Palette မှာအပေါ်ဆုံးက စာသား Layer ကို select လုပ်ပါ၊ Ctrl+L ကိုနှိပ်ပြီး Levels Dialog box ကိုခေါ်ပါ။ Slider ကိုဘယ်ဘက်သို့ အနည်းငယ်ကပ်ခြင်းဖြင့် အရောင်ပိုဖွေးတက်လာပါလိမ့်မယ်။ နှစ်သက်သောပမာဏရောက်လျှင် OK ကိုနှိပ်ပါ။
၁၀) အခု ဒုတိယမြောက် Layer ကို Select လုပ်ပါ၊သူကနေအောက်ဆုံးက စာသား Layer အထိကို Link လုပ်ပါ။ ပုံတွင်ကြည့်ပါ။
ပြီးရင်ထို Link လုပ်ထားသော Layer အားလုံးကို(Ctrl+E) ကိုနှိပ်ပြီး Merge Linked လုပ်ပါ။ ထို့နောက် Ctrl+L ကိုနှိပ်ပြီး Levels ကိုခေါ်ပါဦး၊ ဒီတစ်ခါတော့ Slider ကိုညာဘက်သို့အနည်းငယ်သွားပြီး အရောင်ကိုမဲတက်လာစေပါ။ မိမိနှစ်သက်သောအနေအထားတွင် OK နှိပ်ပါ။
ဤနည်းအားဖြင့်လှပသော 3D Text များကိုအလွယ်တကူပြုလုပ်နိုင်ပါတယ်။

Similar topics
» Metal Text
» ဤဖိုရမ်ပြုလုပ်ရခြင်း ရည်ရွယ်ချက်
» Monitor ဆီကနေ အသံဆူဆူလေး ကြားနေရခြင်း
» Computer window စတက်တက်ခြင်း ပေးတဲ့ system password
» ရှုပ်ရှုပ်ရှက်ရှက် GIF Animation Text

Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw