Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဒီကိစ္စက ဒီလိုရှိတယ်
Page 1 of 1
ဒီကိစ္စက ဒီလိုရှိတယ်
- အကြီးစားလက်မှုလက်မှုထုတ်ကဗျာများနှင့် အသေးစားလက်မှုလက်မှုထုတ် ကဗျာများ၏ရောင်းအားမှာ သိသိသာသာကွာခြား လျက်ရှိသောကြောင့် အသေးစားလက်မှုလက်မှု ကဗျာထုတ်လုပ်မှုများ အဆမတန်ကျဆင်းလျက်ရှိ
- သို့သော် ကဗျာနှင့် ကဗျာဆရာသင့်မြတ်ရေးလုပ်ငန်းများ အောင်မြင်မည်ဟု ကဗျာအသိုင်းအဝိုင်းမှ တစ်ညီတစ်ညွတ်တည်း ယုံကြည်ကြ
- ကဗျာကျန်းမာရေးအတွက် သန့်ရှင်းသောကဗျာများကိုသာ သောက်သုံးရန် ကဗျာကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေငြာ
အလားတူ သတင်းတစ်ရပ်အနေနှင့် ကဗျာများကို ကဗျာသာ တိုက်ကျွေးရန် ကဗျာနှင့် ကဗျာဆရာစောင့်ရှောက်ရေးအသင်းမှ နှိုးဆော်လျက်ရှိ
- ကဗျာရေးသော ကဗျာဆရာများနှင့် ကဗျာမရေးသော ကဗျာဆရာများ .. ( သည်းခံပါခင်ဗျာ ) ကဗျာဟု အမည်တပ်ထားသော ကဗျာများနှင့် ကဗျာဟု အမည်တပ်ခြင်းမခံရသောကဗျာများ၏ အလွတ်သဘောဆိုင်ရာ လုပ်ငန်းဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ နေ့လည်ခင်းက ကျင်းပခဲ့ရာ အချေအတင်များနှင့်နဖူးပေါက်ခေါင်းကွဲ
- ကဗျာရေးသူများအတွက် အထူးစီမံဖေါ်စပ်ထုတ်လုပ်ထားသော ကဗျာကြေဆေးရောင်းအားမှာ မျှော်မှန်းပမာဏထက် အဆမတန် များပြားနေကြာင်း စစ်တမ်းတစ်ရပ်မှ ကောက်ယူရရှိပါသည်။
- အချို့ဒေသများတွင် ကဗျာဟုခေါင်းစဉ်တပ်ထားသော မဲဆန္ဒနယ်အချို့ ရာနှုန်းပြည့် မဲပေးသူရှိဟုဆို သို့ရာတွင် အနိုင်မရရှိသော တစ်သီးပုဂ္ဂလ ကဗျာဆန္ဒနယ်အချို့မှလည်း ရှေ့လုပ်ငန်းစဉ်များကို ပူးပေါင်း လုပ်ဆောင်သွားမည်ဟု သတင်းရရှိ
- အရှေ့အလယ်ပိုင်းကဗျာများနှင့် အနောက်အလယ်ပိုင်းကဗျာများ၏ တင်းမာမှုမှာ ကဗျာကမ်းမြောင်ဒေသအား ခြိမ်းခြောက်နိုင်စွမ်း တစစပိုမိုမြင့်မားလာသဖြင့် အင်အားကြီးကဗျာများမှ ကြားဝင်စေ့စပ်ပေးရန် အစည်းအဝေးခေါ်ယူမှုတစ်ရပ်ကို လာမည့်အင်္ဂါနေ့တွင် ကျင်းပသွားမည်ဟု ခိုင်လုံသော သတင်းရပ်ကွက်မှ သတင်းရရှိ
- ကဗျာအကြောင်း ဂဃနဏ မသိသူတစ်ယောက်၊ ဂဃနဏ ကို ကဗျာလုပ်ရေးသွားသဖြင့် ကဗျာရေးရာရပ်ဝန်းမှ အပြင်းအထန်ဝေဖန်ရှုံ့ချသံများ ဆူညံပွက်လောရိုက်လျက်ရှိ သို့သော် အမည်မဖေါ်လိုသော အင်အားကြီးကဗျာအချို့၏ ထောက်ခံမှုကို လက်ခံရရှိခဲ့ကြောင်း အဆိုပါ ပုဂ္ဂိုလ်မှ သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖေါ်ပြောကြားသွားခဲ့ပါသည်။
- ယခုအခါ ကဗျာရေးသားရာတွင် စကားလုံးများအစား အစားထိုးပစ္စည်းတစ်ခုခုကိုအသုံးပြုရန် အကောင်အထည်ဖေါ်လျက်ရှိသဖြင့် ပြည်တွင်း အုတ်၊သဲ၊ကျောက်၊ဘိလပ်မြေ ဈေးကွက်မှာ လက်ရှိဈေးနှုန်းထက်နှစ်ဆခန့် မြင့်တက်လာဖွယ်ရှိသည်ဟု ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
- အဆိုပါသုံးသပ်ချက်များ ပေါ်ထွက်လာသော်လည်း အရှေ့တောင်အာရှ ချစ်ကြည်ရေး ကဗျာစမ်းပွဲတွင် အနိုင်ရဗိုလ်စွဲခဲ့သော ကဗျာအားဧည့်ခံသည့် ဂုဏ်ပြုညစာစားပွဲကို တာဝန်ရှိကဗျာများမှ တက်ရောက်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိပါသည်ခင်ဗျာ။

ကိုသစ်ကို
kothitko- Posts : 1
Join date : 2010-12-08
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw