Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။Animation Method2 (Tweening) PART 1
Page 1 of 1
Animation Method2 (Tweening) PART 1
Animation method2 ဖြစ်တဲ့ Tweening Method ကိုဆက်ရအောင်။ Tweening ဆိုတာက In betweening ဆိုတာရဲ့ အတိုကောက်ပါ။ Frame တစ်ခုနဲ့တစ်ခုကြားမှာရှိတဲ့ တန်ဖိုးပြောင်းလဲခြင်း တွေကိုတွက်ချက်ပေးတဲ့ Method တစ်ခုပါ။
ဥပမာအားဖြင့် အရာဝထ္တုတစ်ခုကို ဘယ်ဘက်မှညာဘက်သို့ ရွေ့သွားတဲ့ပုံစံပြုလုပ်ချင်တယ် ဆိုပါစို့။
Frame နှစ်ခုကိုဖန်တီးပေးပါမယ်။ ပထမ Frame မှာတော့ ထိုအရာဝထ္တုကိုဘယ်ဘက်မှာထားပြီး ဒုတိယ Frame မှာတော့ ထိုအရာဝထ္တု ကိုညာဘက်မှာထားပေးလိုက်ပါမယ်။
ပြီးရင်တော့ ကြားထဲမှာလိုချင်တဲ့ Frame တွေကိုတစ်ခုစီပြုလုပ်နေစရာမလိုပဲ အလွယ်တကူဖန်တီးပြီးသားဖြစ်သွားစေတဲ့ နည်းလမ်းတစ် ခုပါ။ လက်တွေ့စလုပ်ရအောင်။ Sample File လေးကို Download လုပ်ပါ။ Sample File ကို ImageReady မှာဖွင့်ပါ (သို့) PhotoShop မှာဖွင့်ပြီး Jump To ImageReady လုပ်လဲရပါတယ်။
ဦးစွာ New Frame တစ်ခုကိုဖန်တီးပါမယ်။ Animation Palette ရဲ့ Popup menu ကိုခေါ်ပါ ပြီးရင်အပေါ်ဆုံးမှ New Frame Menu ကိုရွေးပါ။ ဒါဆိုရင်သင့်ရဲ့ Animation မှာ Frame နှစ်ခုဖြစ်လာပါပြီ။
Animation Palette မှာဒုတိယ Frame ကို Select လုပ်ပါ။ ပြီးရင် Document Window မှာ Move Tool သုံးပြီး Layer1 ကိုဘယ်ဘက် သို့ဆွဲရွေ့ပါ။ Hotizontal Align ဖြစ်ချင်ရင်တော့ Move လုပ်နေစဉ်မှာ Shift Key ကိုသုံးပြီးရွေ့ပါ။ အခုဆိုရင် Frame နှစ်ခုမှာရှိတဲ့ပုံလေးဟာ ဘယ်မှာတစ်ခု ညာမှာတစ်ခု ဖြစ်သွားပါပြီ။ ပြီးရင် Animation Palette ရဲ့အောက်ခြေက Tweens Animation Frames Button ကိုClick လုပ်ပါ။
Tween Dialog မှာတော့ ပုံပါအတိုင်း Option တွေကိုယူပါ။ Tween With ဆိုတာက ဘယ် Frame နဲ့ Tween လုပ်မလဲဆိုတာကို ပြောတာပါ။ အခု Previous Frame ကိုရွေးလိုက်တဲ့အတွက် အရှေ့က Frame ကိုဆိုလိုပါတယ်။ Frames to Add ဆိုတာက ဒီ Frame နှစ်ခုကြားမှာ Frame ဘယ်နှစ်ခုထပ်ထည့်မလဲကိုပြောတာပါ။ အခု 10 ကိုရွေးလိုက်တဲ့အတွက် Frame ၁၀ ခုပေါင်းထပ်ထည့်မှာပါ။ ဒါဆိုရင် Animation Palette မှာ Frame ၁၂ ခုဖြစ်လာမှာပါ။ Layers option မှာတော့ All layers ဆိုတာက Effect ဖြစ်မှာက Layer အကုန်လုံးလို့ ဆိုလိုတာပါ။ အကယ်၍ Selected Layer ကိုရွေးခဲ့ရင်တော့ Select လုပ်ထားတဲ့ (သို့) Active ဖြစ်နေတဲ့ Layer ကိုပဲ Effect ဖြစ်မှာပါ။ Parameters ကတော့ ဘယ်အရာကို Animation effect အဖြစ်ဆောက်ရွက်စေမလဲကိုဆိုလိုတာပါ။ အခု Position ကိုရွေးထားတဲ့ အတွက် Layer1 ရဲ့ Move ဖြစ်သွားတဲ့ ပြောင်းလဲခြင်းကို Animation ဖြစ်စေမယ့်သဘောပါ။ Opacity ကတော့ Fading in or out ကိုဆိုလိုတာဖြစ်ပြီး Effect ကတော့ Layer Style ရဲ့ Value တွေကိုဆိုလိုတာပါ။ အကယ်၍ ဒီနေရာမှာ Parameters ရဲ့ Options တွေအကုန်လုံး Select လုပ်ခဲ့လည်းဘာမှထူးမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အခုအသုံးပြုနေတဲ့ Layer မှာအဲဒီ ပြောင်းလဲခြင်းတွေ မပါဝင်လို့ပါ။
Frame အားလုံးကို Select လုပ်ပြီး Frame delay time ကို 0.1 sec လောက်ထားပေးပါ။ ပြီးရင် File>Save Optimized လုပ်ပေးပါ။ ပြုလုပ်ပုံတွေကတော့ အရင် Tutorial အတိုင်းပါပဲ။ ဒါဆိုရင် ပုံလေးဟာဘယ်မှညာကိုသွားနေပါပြီ။
အခုဒီပုံလေးကိုဘယ်မှညာ ညာမှဘယ် အပြန်အလှန်သွားတဲ့ပုံလေးလုပ်ကြည့်ရအောင်။ လွယ်ပါတယ် Animation Palette မှာ Frame 1 ဟာ ဘယ်ဘက်အစွန်ဆုံးမှာရှိပါတယ်၊ Frame 12 ကတော့ ညာဘက်အစွန်ဆုံးမှာရှိပါတယ်။ ဒါကြောင့် ဘယ်မှညာ ကိုအလွယ်တကူ Tween လုပ်ထားတာပါ။ အခုဘယ်မှညာအပြင် ညာကနေဘယ်ကိုပါသွားချင်သေးတော့ Frame 1 ကို Copy ကူး Frame 12 နောက်မှာထားပြီး Tween လုပ်ပေးရုံလေးပါပဲ။
Animation Palette မှာ Frame 1 ကို Select လုပ်ပါ။ ပြီးရင် Animation Palette ရဲ့ Popup Menu ကနေ Copy Frame ကိုရွေးပါ။ ပြီးရင် Frame 12 ကို Select လုပ်ပါ၊ Animation Palette ရဲ့ Popup Menu ကနေပဲ Paste Frame လုပ်ပါ။ Paste Frames Option ပေါ်လာမှာပါ။
aste Method မှာတော့ Paste After Selection ကို Choose လုပ်ပြီး Ok နှိပ်ပေးပါ။ ဒါဆိုရင် Frame 13 ပေါ်လာမှာပါ။ Frame 13 နဲ့ Frame 12 ကိုလည်းအထက်မှာပြောခဲ့တဲ့နည်းအတိုင်း Tween လုပ်ပေးလိုက်ပါဦး။ ဒါဆိုရင် Animation ပုံလေးကိုအခုလိုမြင်ရမှာပါ။

Similar topics
» Animation Method2 (Tweening) PART 2
» Animation Method2 (Tweening) PART 3
» Animation ads
» ရှုပ်ရှုပ်ရှက်ရှက် GIF Animation Text
» ဖောင်း ၀ ကြီး Animation Text
» Animation Method2 (Tweening) PART 3
» Animation ads
» ရှုပ်ရှုပ်ရှက်ရှက် GIF Animation Text
» ဖောင်း ၀ ကြီး Animation Text
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw