Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ငါ လွမ်းတဲ့ ကဗျာလေး..
Page 1 of 1
ငါ လွမ်းတဲ့ ကဗျာလေး..
အလွမ်း ကဗျာလေး...
ကောင်မလေး …
ငါ ရင်ထဲမှာ မင်း စတင် ဝင်ရောက်ခဲ့တယ်
မင်းအတွက် တစ်နေ့ပေမယ့်
ငါ့ဘဝထဲက ကာလ တစ်ခုပါ
အသက်ရှူတိုင်း အသက်ရှင်တိုင်း
ဦးနှောက်ထဲက အာရုဏ်တွေ အခေါက်ခေါက်အခါခါ
တုန်လှုပ်ခဲ့တာ
ရင်ခုန်သံတွေ စီးမြောခဲ့တာ
ချစ်ခဲ့မိပါပြီ ..။
ကျေနပ်ပါတယ် …
ငါ ဘဝထဲမှာ မင်း ရှိနေသေးတယ် အသိနဲ့တောင်
အမြင့်ဆုံး ပျံနိုင်သေးတာပဲ
ထွက်ခွာခွင့် မတောင်းဆိုပါနဲ့
ငါ ဘဝရဲ့ ညာဘက် အသိဉာဏ်တွေ သေဆုံးလိမ့်မယ်
လိုရာတွေးတက်ပြီး ခြားနားမှုတွေများလွန်းတော့
ဆိုလိုရင်းက ချုပ်ရိုးရာတွေနဲ့ ကျိုးနေပြီ
တကယ်တမ်းတော့
နွေးထွေးတဲ့ အနာဂတ်တစ်ခုပဲ ပေးချင်ခဲ့တာပါ
မင်းကြောင့် ငါ တစ်လမ်းမောင်းပဲ လျှောက်ခဲ့ရပြီ ..။
အားနာပါတယ် …
နေရောင်တွေအောက်က ရှင်သန်ခြင်းမဟုတ်တဲ့ ငါ
ဓမ္မဒိဌါန်ကျတဲ့ မေးခွန်းတွေလည်း မသိခဲ့ဘူး
သဘာဝကျတဲ့ စံချိန်တွေလည်း မတင်နိုင်ဘူး
ဒဿမကိန်း တွေနဲ့ အထပ်ထပ် လည်ပတ်နေခဲ့ရတာ
ပမာဏတွေကြောင့် ကိန်းပြည့်ဘဝ မရောက်သေးတော့
တစ်ရောင်တည်းမဲ့နေတဲ့ ငါ့ ဘဝ မှာ
မင်းဆီရောက်ဖို့
တစ်စက္ကန့်မှာ လက်တစ်ကမ်းကွာနေပြီ ..။
ယုံကြည်ပါတယ် …
ညီမျှခြင်းတစ်ဖက်ကနေ အမြဲကြည့်တဲ့ ပတ်ဝန်းကျင်ကြားမှာ
ကျင့်ဝတ်နီတိနဲ့ တစ် ဆိုတဲ့ ဂဏန်းလေး အစပျိုးဖို့တောင်
ရှောင်လွဲနေရတဲ့ ကံတရားတွေရှိလည်း
ငါ ရင်ခုန်သံက အသွေးတွေအဖြစ် ဖွဲ့စည်းခဲ့ပါပြီ
ချစ်ခဲ့ပါတယ်
ဒီနေ့နဲ့ အနာဂတ်ရဲ့ စီရင်ချက်တွေကြားမှာ
မင်းအတွက် တစ်သားတည်းပါပဲ..။
By: သားလင်း
ကောင်မလေး …
ငါ ရင်ထဲမှာ မင်း စတင် ဝင်ရောက်ခဲ့တယ်
မင်းအတွက် တစ်နေ့ပေမယ့်
ငါ့ဘဝထဲက ကာလ တစ်ခုပါ
အသက်ရှူတိုင်း အသက်ရှင်တိုင်း
ဦးနှောက်ထဲက အာရုဏ်တွေ အခေါက်ခေါက်အခါခါ
တုန်လှုပ်ခဲ့တာ
ရင်ခုန်သံတွေ စီးမြောခဲ့တာ
ချစ်ခဲ့မိပါပြီ ..။
ကျေနပ်ပါတယ် …
ငါ ဘဝထဲမှာ မင်း ရှိနေသေးတယ် အသိနဲ့တောင်
အမြင့်ဆုံး ပျံနိုင်သေးတာပဲ
ထွက်ခွာခွင့် မတောင်းဆိုပါနဲ့
ငါ ဘဝရဲ့ ညာဘက် အသိဉာဏ်တွေ သေဆုံးလိမ့်မယ်
လိုရာတွေးတက်ပြီး ခြားနားမှုတွေများလွန်းတော့
ဆိုလိုရင်းက ချုပ်ရိုးရာတွေနဲ့ ကျိုးနေပြီ
တကယ်တမ်းတော့
နွေးထွေးတဲ့ အနာဂတ်တစ်ခုပဲ ပေးချင်ခဲ့တာပါ
မင်းကြောင့် ငါ တစ်လမ်းမောင်းပဲ လျှောက်ခဲ့ရပြီ ..။
အားနာပါတယ် …
နေရောင်တွေအောက်က ရှင်သန်ခြင်းမဟုတ်တဲ့ ငါ
ဓမ္မဒိဌါန်ကျတဲ့ မေးခွန်းတွေလည်း မသိခဲ့ဘူး
သဘာဝကျတဲ့ စံချိန်တွေလည်း မတင်နိုင်ဘူး
ဒဿမကိန်း တွေနဲ့ အထပ်ထပ် လည်ပတ်နေခဲ့ရတာ
ပမာဏတွေကြောင့် ကိန်းပြည့်ဘဝ မရောက်သေးတော့
တစ်ရောင်တည်းမဲ့နေတဲ့ ငါ့ ဘဝ မှာ
မင်းဆီရောက်ဖို့
တစ်စက္ကန့်မှာ လက်တစ်ကမ်းကွာနေပြီ ..။
ယုံကြည်ပါတယ် …
ညီမျှခြင်းတစ်ဖက်ကနေ အမြဲကြည့်တဲ့ ပတ်ဝန်းကျင်ကြားမှာ
ကျင့်ဝတ်နီတိနဲ့ တစ် ဆိုတဲ့ ဂဏန်းလေး အစပျိုးဖို့တောင်
ရှောင်လွဲနေရတဲ့ ကံတရားတွေရှိလည်း
ငါ ရင်ခုန်သံက အသွေးတွေအဖြစ် ဖွဲ့စည်းခဲ့ပါပြီ
ချစ်ခဲ့ပါတယ်
ဒီနေ့နဲ့ အနာဂတ်ရဲ့ စီရင်ချက်တွေကြားမှာ
မင်းအတွက် တစ်သားတည်းပါပဲ..။
By: သားလင်း
သားလင်း- Posts : 1
Join date : 2011-06-15
Age : 35
Location : ပျဉ်းမနား
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw