Latest topics
ဒီဖိုရမ်ထဲမှာ ၀င်ရောက်ဆွေးနွေးနိုင်ပါတယ်...
ဝင်ရောက်ဆွေးနွေးနိုင်ပါတယ်။ဖိုင်ဘာ အင်တာနက်လိုင်းများ မန်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်း သုံးနိုင်မည်
:: သတင်းများ :: ပြည်တွင်းသတင်း
Page 1 of 1
ဖိုင်ဘာ အင်တာနက်လိုင်းများ မန်းတွင် ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်း သုံးနိုင်မည်
မန္တလေးမြို့တွင် ဖိုင်ဘာ အင်တာနက်လိုင်းများ တပ်ဆင်ခြင်းကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ ၁၂ ရက်နောက်ပိုင်းတွင် စတင် အသုံးပြုနိုင်ဖွယ်ရာ ရှိကြောင်း ထိုအင်တာနက်လိုင်း တပ်ဆင်ခြင်းကို နည်းပညာပိုင်း ပံ့ပိုးဆောင်ရွက်လျက်ရှိသည့် Red Link ကုမ္ပဏီ စီးပွားရေးဖွံ့ဖြိုးမှု မန်နေဂျာ ဦးမျိုးမြင့်ညွှန့်က ပြောကြားသည်။ “အခုအဓိက စက်ပိုင်းဆိုင်ရာတွေ စတင်တပ်ဆင်နေပါပြီ။ လျှောက်ထားသူအားလုံးကို အရင်ချထားပေးမှာပါ။ ဖေဖော်ဝါရီလအတွင်းမှာတော့ အဓိက အထိုင်စက် တပ်ဆင်ထားတဲ့ နေရာတစ်ဝိုက်ကို အရင်ဆုံး တပ်ဆင်ပေးသွားမှာပါ”ဟု ၎င်းက ပြောသည်။ ပထမအဆင့် တပ်ဆင်မှုတွင် လိုင်းအရေအတွက် ၅၀ ဝန်းကျင်ခန့်ရှိကြောင်း၊ အသစ်ထပ်မံ လျှောက်ထားသော လိုင်းများကိုလည်း ဆက်လက်ချထားပေးမည် ဖြစ်ကြောင်း သိရသည်။ မန္တလေးမြို့၏ ဖိုင်ဘာ အင်တာနက်လိုင်း တပ်ဆင်သွယ်တန်းခွင့်ကို Red Link ကုမ္ပဏီနှင့် Fortune ကုမ္ပဏီတို့က လုပ်ကိုင်ဆောင်ရွက်လျှက်ရှိသည်။ စတင်ချထားပေးမည် ဖြစ်သော ဖိုင်ဘာ အင်တာနက်လိုင်းများတွင် အင်တာနက်လိုင်းနှင့် တယ်လီဖုန်းလိုင်းကိုသာ ပထမအဆင့် အနေဖြင့် သုံးစွဲနိုင်မည်ဖြစ်ပြီး ရုပ်သံလိုင်းများ ပါဝင်ဦးမည် မဟုတ်ကြောင်း ဆိုသည်။ မန္တလေးမြို့တွင် ဖိုင်ဘာ အင်တာနက်လိုင်းပေါင်း ၆,၀၀၀ ဝန်းကျင် တပ်ဆင်ရန် မျှော်မှန်းထားပြီး ၂၀၁၁ ခုနှစ်အတွင်း တစ်မြို့လုံးနီးပါးကို တပ်ဆင်ပေးနိုင်ရန် စီစဉ်လျက်ရှိကြောင်း ၂၀၁၁ခုနှစ် ဖေဖော်ဝါရီ ၃ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။
Ref: http://www.shwemandalay.net
Ref: http://www.shwemandalay.net
:: သတင်းများ :: ပြည်တွင်းသတင်း
Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum
|
|
12th July 2011, 21:03 by Admin
» ငါ လွမ်းတဲ့ ကဗျာလေး..
15th June 2011, 14:32 by သားလင်း
» ဒါကတော့ Word က နေ Pdf file ကို ပြောင်းပေးတဲ့ဆော့ဖ်ဝဲပါ
7th June 2011, 16:01 by Admin
» How to prepare to build a pc and Building a PC
7th June 2011, 15:55 by Admin
» ဒါလေးကတော့ PDF format ကနေ Word ကိုပြောင်းပေးတဲ့ဆော့ဖ်ဝဲလေးပါ
7th June 2011, 15:47 by Admin
» How to Enable or Disable the Windows 7 Built-in Administrator Account
6th June 2011, 14:30 by Admin
» Motherboard အတွင်းရှိသင့်သည့် Components များ
29th May 2011, 15:29 by Admin
» မျက်နှာက အဖုအထစ် အစက်အပြောက်တွေကိုရှင်းပေးမယ့် ဆော့ဖ်ဝဲ
28th May 2011, 14:09 by Admin
» ပြန်လာခဲ့ပါ(MC Bay Gyi)
27th May 2011, 10:00 by PyaePhyoThaw